IELTS Speaking


 

📌

IELTS Speakingအကြောင်းတစေ့တစောင်း

(ဖတ်ရန်ကြာချိန်-၂မိနစ်)📑
-------------------------------------------
✔️IELTSလို့ကြားလိုက်တာနဲ့ ဒုတိယpassport၊ ပညာတော်သင်ဆုရဖို့လမ်းကြောင်း၊ နိုင်ငံသားခံယူဖို့အခွင့်အရေး အစရှိသဖြင့် ပြေးမြင်တတ်ကြပါတယ်။ အဲ့တာကလည်း အမှန်ပါပဲ။ IELTSအမှတ် Band score 6နဲ့အထက်ရှိသူတွေဟာ သူများနဲ့ယှဉ်ရင် အခွင့်အရေးတွေကိုပိုပြီးမြန်မြန်ရရှိကြတယ်ဆိုတာကိုတော့ ငြင်းဆိုလို့မရပါဖူး။
🎁IELTSဆိုတာ ဘာမှန်းမသိသူတွေ (သို့) ပိုမိုသိရှိလိုသူတွေအတွက်>>>> https://www.facebook.com/105813755306306/posts/118433747377640/?d=n
✔️IELTS က English Four skills ဖြစ်တဲ့ Listening, Reading, Writing, Speakingကိုပဲဖြေဆိုရတာပါ
မြန်မာကျောင်းသားတွေရင်အခုန်ဆုံးကတော့ အများအားဖြင့် Speakingပါပဲ။ ဒါကြောင့် IS Speakingအကြောင်းကို အကြမ်းဖျဉ်းစတင်ဝေမျှပေးသွားမှာပါ။
🔸နံပါတ်(၁) အချက်အနေနဲ့ကတော့ IS speaking testက အကြာကြီးမဟုတ်ပဲ မိနစ်ပိုင်းမျှသာကြာတယ်ဆိုတာပါပဲ။ အတိအကျပြောရရင်တော့ (11 to 14minutes)ကြာလေ့ရှိပါတယ်
🔸ဖြေဆိုရမှာတော့ အပိုင်း(၃)ပိုင်းပါ။
Part-1မှာတော့ Examiner က ကိုယ့်အကြောင်း၊ ကိုယ်နဲ့ရင်းနှီးပြီးသား နေ့စဉ်ပြောလေ့ပြောထ ရှိတဲ့ Topicsတွေမေးလေ့ရှိပါတယ်(Eg. Work, Native town, Family, Personal Interests) ။ ကြာချိန်ကတော့ 4 to 5 minutesပါ
🔸Part-2ကတော့ တစ်ချို့ Studentsတွေကြောက်လေ့ရှိတဲ့အပိုင်းပါ။ Part-2 Speakingအမျိုးအစားကို Long turnလို့လဲခေါ်ပါတယ်။ Cue Card/ Task cardလို့ခေါ်တဲ့ ခေါင်းစဉ်တစ်ခုပါတဲ့ ကတ်လေးကိုပေးပါတယ်၊ ပြီးရင် အဲ့ဒီTopicလေးအကြောင်း 2minutesကြာအောင်မပြောရခင် 1 minute ပြင်ဆင်ချိန်ရပါတယ်။ Notesချရေးလို့ရအောင် ခဲတံနဲ့ စာရွက်လည်းပေးပါတယ်။
🔸Part-3မှာတော့ IS Examinerနဲ့ conversationပြန်ပြောရပါပြီ။ ပြောရမှာအကြောင်းရာကတော့ Part-2မှာပြောခဲ့ရတဲ့ Topicနဲ့ ဆက်နွယ်တဲ့အကြောင်းအရာတွေကို ပိုအသေးစိတ်ကျကျ အမေးခံရပါတယ်။ သူလည်း 4 to 5minutes ကြာပါတယ်။
🔸နောက်ဆုံးတစ်ခုဖြည့်စွက်ပြောချင်တာကတော့ Paper-based testကိုရွေးချယ်ဖြစ်တယ်ဆိုရင် Speaking testကိုသီးသန့်တစ်ရက်ဖြေရတယ်ဆိုတာပါပဲ။ Computer-delivered testဆိုရင်တော့ ကျန်တဲ့ three skillsမဖြေခင် (သို့) ဖြေပြီးတစ်ပတ်အတွင်းဖြေရပါတယ်။
🔐IELTSနဲ့ပတ်သက်တဲ့ Tips & Strategies contentsတွေကို အပတ်စဉ်တင်ပေးသွားမှာဖြစ်လို့ အမြဲလေ့လာချင်ရင် Lumos Pageကို Favouriteလုပ်ထားနိုင်ပါတယ် (သို့) အသစ်အသစ် Opportunities တွေနဲ့ မျက်ခြေမပျက်စေဖို့ Lumos groupကို Joinထားနိုင်ပါတယ်။
🗝️Lumosက လက်ရှိဖွင့်ထားတဲ့ IELTS foundation classကိုစိတ်ဝင်စားရင်>>> https://www.facebook.com/105813755306306/posts/115931074294574/?d=n
✨အကျိုးရှိမဲ့နေ့လေးဖြစ်မယ်လို့ယုံကြည်ပါတယ်✨

Comments