What is IELTS? (နိုင်ငံခြားသွားဖို့ ခေတ်စားနေတဲ့ IELTSဆိုတာ ဘာများလဲ??)

What is IELTS? (နိုင်ငံခြားသွားဖို့ ခေတ်စားနေတဲ့ IELTSဆိုတာ ဘာများလဲ??)


 နိုင်ငံခြားသွားဖို့ ခေတ်စားနေတဲ့ IELTSဆိုတာ ဘာများလဲ??

🔍
(ဖတ်ရန်ကြာချိန်-၂မိနစ်)
------------------------------------------
💡IELTS ဟာ နိုင်ငံရပ်ခြားမှာပညာသင်ဖို့၊ နေထိုင်ဖို့ နဲ့ အလုပ်လုပ်ကိုင်ဖို့ လိုအပ်တဲ့ အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲဖြစ်ပါတယ်။
IELTS (International English Language Testing System)က ကမ္ဘာတစ်ဝန်းမှာ institution ပေါင်း ၁၀၀၀၀ ကျော်ကနေ လက်ခံထားပြီးတော့ နှစ်စဉ်စာမေးပွဲဖြေဆိုသူပေါင်း ၃ သန်းကျော်ရှိပါတယ်။
✅Studentsတွေမေးလေ့မေးထရှိတဲ့ FAQsလေးတွေကိုအဓိကဖြေဆိုပေးထားပါတယ်
🗣IELTS စာမေးပွဲအမျိုးအစားဘယ်၂ မျိုးရှိလည်း?
🪄၂မျိုးရှိပါတယ်။ အကြမ်းဖျဥ်းအားဖြင့် IELTS General & IELTS Academic ဖြစ်ပါတယ်။
🗣ဘယ်တစ်ခုကိုဖြေသင့်ပါသလဲ?
🪄နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်တာဆိုရင် IS Academicကိုဖြေရမှာဖြစ်ပြီး၊ အလုပ်(သို့) နိုင်ငံသားခံယူချင်တာဆိုရင် IS Generalကိုဖြေရမှာပါ
🗣IELTSမှာဘာတွေဖြေရတာပါသလဲ?
🪄IELTSက English four skillsဖြစ်တဲ့ Listening, Reading, Writing, Speaking ကိုပဲဖြေရမှာပါ
🗣IELTSကဖြေဆိုချိန်ဘယ်လောက်ကြာပါသလဲ?
🪄Four skillsအားလုံးပေါင်းကို General/Academicပဲဖြစ်ဖြစ် ၂ နာရီနဲ့ ၄၅ မိနစ်ဝန်းကျင်ကြာမှာပါ
‼️မှတ်ချက်-Listening, Reading, Writingကို Breakမရှိဆက်တိုက်ဖြေဆိုရမှာဖြစ်ပြီး၊ Speakingကိုတော့သီးသန့်တစ်ရက်ဖြေဆိုရမှာပါ။
🗣ဖြေမယ်ဆိုရင်ဘယ်မှာ ဖြေလို့ရမလည်း?
🪄ကိုယ်ရောက်ရှိရာနိုင်ငံက BRITISH COUNCIL မှာဖြေလို့ရပါတယ်။
🗣စာမေးပွဲကိုဘယ်လိုဖြေလို့ရလည်း? လူကိုယ်တိုင်သွားဖြေရသလား ? အွန်လိုင်းကလား?
🪄လူကိုယ်တိုင် သွားဖြေလို့လည်းရသလို အွန်လိုင်းကနေလည်းဖြေလို့ရပါတယ်။
🗣စာမေးပွဲကြေး က ဘယ်လောက်ပေးရလည်း?
🪄IELTS Academic (Paper based or Computer) - 229 USD (၄၀၁၈၉၅ကျပ် ဝန်းကျင်)
IELTS General (Paper based or Computer) - 229 USD (၄၀၁၈၉၅ကျပ် ဝန်းကျင်)
🗣မြန်မာမှာဘယ်မြို့တွေမှာဖြေဆိုရတာလဲ?
🪄Paper-based testဆိုရင် YangonကPrime Hill Business Squareမှာဖြေဆိုနိုင်ပြီး၊ Mandalayမှာဆိုရင်တော့ Hotel Marvelမှာ ဖြေဆိုရပါတယ်။
Computer-delivered testကတော့ YangonကBritish councilမှာပဲဖြေဆိုနိုင်ပါပြီ။
🗣Resultကို ဘယ်အချိန်မှာ၊ဘယ်လိုသိနိုင်မလဲ?
🪄Paper-based testဆိုရင် Test dateမှစပြီး ၁၃ရက်အတွင်း အွန်လိုင်းကနေ မိမိရရှိတဲ့ Band scoreကိုသိရှိနိုင်ပြီးတော့၊ Computer-delivered testဆိုရင်ဖြင့် ၃ရက်မှ ၅ရက်အတွင်း အွန်လိုင်းမှကြည့်ရှုနိုင်ပါတယ်။
✨ထပ်မံသိရှိလိုတာတွေကိုမေးမြန်းချင်ရင်တော့ Lumos Page Messengerမှာအချိန်မရွေးလာရောက်စုံစမ်းနိုင်ပါတယ်။
📌IELTSဖြေဆိုရန်စိတ်ဝင်စားပါက Lumosမှလတ်တလောဖွင့်လှစ်တော့မည့်အတန်း--> https://www.facebook.com/105813755306306/posts/115931074294574/?d=n
🚨Lumosရဲ့ အခမဲ့Webinars, Contents, Clubs & Upcoming/Current classes informationတွေနဲ့အမြဲ Up-to-date ဖြစ်စေရန် Lumos Education Groupကို Joinထားနိုင်ပါတယ်--> https://www.facebook.com/groups/617388272683603/?ref=share

Comments

Popular posts from this blog

IELTS Speaking